About

MAP အကြောင်း

Migration to Asia Peace (MAP) သည် ညှဉ်းပန်းနှိပ်စက်မှု၊ စစ်ပွဲ၊ အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများမှ ထွက်ပြေးလာသော ဒုက္ခသည်များ ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် ဘဝကို ပြန်လည်ရရှိစေရန် ကူညီပံ့ပိုးသည့် အကျိုးအမြတ်မယူသော အရပ်ဘက်အဖွဲ့အစည်းဖြစ်သည်။ ဆန္ဒမပါဘဲ ရွှေ့ပြောင်းရခြင်းသည် ပဋိပက္ခနှင့် ခွဲခြားဆက်ဆံမှုအသစ်များဆီ မဟုတ်ဘဲ လုံခြုံမှုနှင့် စည်းလုံးညီညွတ်မှုဆီ ဦးတည်စေရန် ငြိမ်းချမ်းရေးလမ်းကို ခင်းပေးသည်။

01

ရည်မှန်းချက်

ကျွန်ုပ်တို့သည် ဒုက္ခသည်များ၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ၊ လူကုန်ကူးခံရသူများနှင့် အခြားအဓမ္မရွှေ့ပြောင်းနေထိုင်သူများ အိပ်မက်များပြန်လည်မက်နိုင်ရန်အတွက် ခြေလှမ်းသစ်တစ်ခုဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်ပါသည်။

02

မျှော်မှန်းချက်

ကျွန်ုပ်တို့သည် လူတစ်ဦးချင်းစီတိုင်း မိမိတို့၏အနာဂတ်ကို လုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ အိပ်မက်မက်နိုင်ပြီး လွတ်လပ်စွာ ဆုံးဖြတ်ချက်များချနိုင်သည့် ကမ္ဘာကြီးကို မျှော်မှန်းပါသည်။

Migration

ဒုက္ခသည်များ၏ လူမှုအသိုင်းအဝိုင်း ပေါင်းစည်းမှု

ဒုက္ခသည်များ နေထိုင်ရာ ဒေသတွင် ဘေးဖယ်ခံရခြင်းမရှိဘဲ လူမှုအသိုင်းအဝိုင်းနှင့် လိုက်လျောညီထွေ နေထိုင်နိုင်ရန် ဒုက္ခသည်များ၊ ဒေသန္တရအစိုးရနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းကို ချိတ်ဆက်ပေးပြီး အချင်းချင်း သင်ယူဖလှယ်နိုင်အောင် ကူညီသည်။

Asia

အာရှရှိ ဒုက္ခသည် အသိုင်းအဝိုင်းများကို ပံ့ပိုးမှု

ပဋိပက္ခနှင့် ဖိနှိပ်မှုကြောင့် ဖြစ်ပေါ်လာသော ဒုက္ခသည်ပြဿနာနှင့် ဒုက္ခသည်အသိုင်းအဝိုင်းများ၏ အခွင့်အရေးကို အာရှသားများ စိတ်ဝင်စားလာစေရန် တိုက်တွန်းပြီး နောင်လာမည့်မျိုးဆက်အတွက် ငြိမ်းချမ်းရေးကို တည်ဆောက်သော အသိုင်းအဝိုင်းများကို ပံ့ပိုးသည်။

Peace

ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး ပညာပေး

ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များအပေါ် အမြင်သည် ကမ္ဘာ့လူ့အခွင့်အရေး စံနှုန်းများနှင့် ကိုက်ညီစေရန်၊ အိမ်နီးချင်းအသစ်များကြား ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်သည့် တန်ဖိုးများကို ပျိုးထောင်ပြီး ဒုက္ခသည်အသိုင်းအဝိုင်းနှင့် ဒေသခံအသိုင်းအဝိုင်းကြား နားလည်မှုကို မြှင့်တင်သည်။

MAP ၏ လုပ်ငန်းအများစုသည် နိုင်ငံသားများ၏ ဆန္ဒအလျောက် လှူဒါန်းငွေဖြင့် လည်ပတ်သည်။ လစဉ် သို့မဟုတ် တစ်ကြိမ်တည်း လှူဒါန်းခြင်းဖြင့် MAP ကို ပံ့ပိုးနိုင်သည်။

အလှူရှင်ဖြစ်ရန်