📢
ဒုက္ခသည် လူငယ် စပီကာ (Speaker) များကို ဖိတ်ခေါ်ပါသည်။
ကိုရီးယားတွင် နေထိုင်နေသော အသက် ၁၆ မှ ၂၉ နှစ်အတွင်းရှိ ဒုက္ခသည် လူငယ်များအား ဒုက္ခသည်များနှင့် စကားပြောခြင်း〈DIALOGUE WITH REFUGEES〉 အစီအစဉ်တွင် ပါဝင်ရန် ဖိတ်ခေါ်ပါသည်။
ဒုက္ခသည်များနှင့် စကားပြောခြင်း〈DIALOGUE WITH REFUGEES〉 သည် ဒုက္ခသည်များက မိမိ၏ ဘဝအတွေ့အကြုံများကို လူထုနှင့် မျှဝေကာ မှားယွင်းနေသောအမြင်များကို ပြောင်းလဲပြီး နားလည်မှုကို မြှင့်တင်ရန် ရည်ရွယ်သော အစီအစဉ်တစ်ခု ဖြစ်ပါသည်။
ယခုနှစ်တွင် လူငယ်များ၏ အသံကို အဓိကထားပြီး ရှာဖွေနေပါသည်။
စပီကာ (Speaker) အဖြစ် ပါ၀င်ပါက ရရှိမည့် အကျိုးခံစားခွင့်များ 🎙လှုပ်ရှားမှု အထောက်အပံ့ကြေး 🎙သင်တန်းများနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အပံ့ 🎙တင်ဆက်မှုပြုလုပ်ရန်အတွက် MAP အဖွဲ့အစည်း၏ ပံ့ပိုးကူညီမှု 🎙အခြား ဒုက္ခသည် စပီကာ (Speaker) များနှင့် ချိတ်ဆက်နိုင်မှု 🎙Global Citizen Peace Camp (ကမ္ဘာလုံးဆိုင်ရာ နိုင်ငံသား ငြိမ်းချမ်းရေးစခန်း) သို့ တက်ရောက်ခွင့်
လျှောက်ထားနိုင်သူများ ✅ကိုရီးယားတွင် နေထိုင်သော ဒုက္ခသည် လူငယ်များ ( အသက် ၁၆ -၂၉နှစ် အတွင်း) ✅မိမိ၏ဘဝအတွေ့အကြုံများကို မျှဝေရန် စိတ်ဝင်စားသူများ ✅ကိုရီးယားလူ့အဖွဲ့အစည်းတွင် ပြောင်းလဲမှုများ ဖန်တီးလိုသူ
📌လျှောက်လွှာပိတ်ရက်: ဧပြီ ၂၄ ရက် 📌အင်တာဗျူး – ဧပြီ ၂၅ ရက်
✨ယခုပဲ လျှောက်ထားလိုက်ပါ! သင်၏အသံသည် နားလည်မှုနှင့် ပြောင်းလဲမှုကို ဖန်တီးနိုင်ပါသည်။
လျှောက်ထားရန် နည်းလမ်း
➡လင့်ခ် ( Link) မှ တစ်ဆင့် လျှောက်ထားပါ။
📩map@mapcast.org 📞02-2038-0231 📸@map_asiapeace
