‘ကျန်းမာပါသလား?‘
ဟူသော နှုတ်ခွန်းဆက်ကို မေးမြန်းရန် သတိထားရသော နှစ်တစ်နှစ် ဖြစ်ခဲ့ပါသည်။ ‘ကိုရိုနာ ဖြစ်ခဲ့လား?’ ဟူသော မေးခွန်းအဖြစ် လက်ခံလိုက်လျှင် တစ်စုံတစ်ယောက်က ရှက်ကိုးရှက်ကန်း ဖြစ်သွားနိုင်ပါသည်။ တစ်ဖက်တွင် ကပ်ရောဂါသည် နေ့စဉ်ဘဝ ဖြစ်လာသည့်အခါ ကိုရိုနာ အခြေအနေ စာရင်းအင်းများကို ကြည့်နေရင်းပင် အခြားသူများ၏ သေဆုံးမှုနှင့် ဒုက္ခကို မခံစားတတ်တော့ဘဲ ဖြစ်လာခဲ့ကြပါသည်။
ဆန့်ကျင်ဘက်အဖြစ် ဒုက္ခသည်များကိုမူ ‘ကျန်းမာပါသလား?’ ဟု ပိုမိုမေးမြန်းရလာခဲ့ပါသည်။ ရွှေ့ပြောင်းသူများနှင့် ဒုက္ခသည်များ အလုပ်လုပ်ကြသော လုပ်ငန်းခွင်များနှင့် ကလေးထိန်းဌာနများကို ဗဟိုပြု၍ ကိုရိုနာသည် နေရာအနှံ့ ပျံ့နှံ့ခဲ့ပါသည်။ ကိုရိုနာ ကူးစက်ခံရသူနှင့် ၎င်း၏ မိသားစုများအား ကုသနည်းနှင့် သီးခြားခွဲထားနည်းကို လမ်းညွှန်ပြီး ဘာသာပြန်ပေးရပါသည်။ ဆေးရုံ လူနာခန်းနှင့် လူနာများအကြား ဆက်သွယ်မှုကို ကူညီရပါသည်။ ထို့ပြင် ရွှေ့ပြောင်းသူများအတွက် ကာကွယ်ဆေး မူဝါဒကို ပူပင်စွာ စောင့်ဆိုင်းနေသော ဒုက္ခသည်များနှင့် ကာကွယ်ဆေးထိုးရန် ကြောက်ရွံ့သော ဒုက္ခသည်များ နှစ်ဖက်စလုံးထံ အချက်အလက်များ ပေးပို့ခဲ့ပါသည်။ 2020 ခုနှစ်ကဲ့သို့ပင် ဒုက္ခသည် မိသားစုများထံ ကယ်ဆယ်ရေး ပစ္စည်းများ ပို့ဆောင်ခြင်းလည်း ဆက်လက်ဖြစ်ပေါ်ခဲ့ပါသည်။
ထိုသို့ဖြင့် တစ်နှစ်တာသည် မနေတတ်မထိုင်တတ်အောင် ကုန်ဆုံးသွားခဲ့ပါသည်။
ဒုက္ခသည်များနှင့် နေ့စဉ်နီးပါး စကားပြောခဲ့သော်လည်း မျက်နှာချင်းဆိုင် အကြံဉာဏ်ပေးခြင်းနှင့် အိမ်သို့ သွားရောက်လည်ပတ်ခြင်းတို့ မဖြစ်နိုင်တော့သဖြင့် စိတ်ကျပ်သည့် ခံစားချက် ရှိခဲ့ပါသည်။
ပြီးခဲ့သည့်နှစ်က ဒုက္ခသည်များနှင့် ရွှေ့ပြောင်းသူများပါဝင်သော ဘေးအန္တရာယ် တုံ့ပြန်ရေးကို တောင်းဆိုခဲ့သော်လည်း မည်သည့် တိုးတက်မှုမျှ မရှိခဲ့ပါ။ ဤဘေးအန္တရာယ်ကို မည်သို့ ခံနေကြသည်ကို မှန်ကန်စွာ သိရှိနိုင်ရန် သုတေသန စစ်တမ်းတစ်ရပ် ပြုလုပ်ခဲ့ပါသည်။ ၎င်းသည် ကျွဲပျောက်မှ ခြံစည်းရိုးပြင်သကဲ့သို့ ဖြစ်နေခဲ့ပါသည်။ ကိုရိုနာသည် ကမ္ဘာ့ကပ်ရောဂါ ဖြစ်လာပြီး ရေတိုအတွင်း ကျော်လွှားရန် ခက်ခဲမည်ကို သိသည့်အချိန်တွင် စစ်တမ်းကောက်ခဲ့ပါက တုံ့ပြန်ရေး လုပ်ထုံးလုပ်နည်း ရေးဆွဲရန် အထောက်အကူ ဖြစ်ခဲ့မည် ဖြစ်ပါသည်။ သို့သော် ဤစစ်တမ်းကို အပြီးသတ်သည့်အချိန်တွင်ပင် ကိုရိုနာသည် မျိုးကွဲများ ပေါ်ပေါက်မှုကြောင့် ကြီးမားစွာ ပျံ့နှံ့တော့မည့် အခြေအနေဖြစ်နေခဲ့ပါသည်။ ဘေးအန္တရာယ်သည် ဆက်လက်ရှိနေခဲ့ပါသည်။
သုတေသန စစ်တမ်း၏ ရလဒ်သည် MAP ဆက်လက်ရှေ့ဆက်ရမည့် လမ်းကြောင်းကို ညွှန်ပြနေပါသည်။ ဘေးဖယ်ခံရပြီး ပြင်းထန်သော အထီးကျန်ဆန်မှုကို ခံစားရသော ဒုက္ခသည်များကို ပါဝင်စေသည့် လူ့အဖွဲ့အစည်းကို တည်ဆောက်ရပါမည်။ ဒုက္ခသည်များသည် ဒေသခံတစ်ဦးအဖြစ် ဘေးအန္တရာယ် တုံ့ပြန်ရေးတွင် ပါဝင်နိုင်စေရန် ပံ့ပိုးပေးရပါမည်။ နိုင်ငံသားများ၏ ပွင့်လင်းသော စိတ်နှလုံးနှင့် အားပေးမှု မရှိပါက ခက်ခဲသော လုပ်ငန်းဖြစ်လာပါလိမ့်မည်။
အတူတကွ နေထိုင်လိုသော စိတ်နှလုံးသည် ကိုရိုနာကို ဖြိုခွင်း၍ ပျံ့နှံ့သွားပါစေသောဟု ဆန္ဒပြုပါသည်။
အာရှငြိမ်းချမ်းရေးသို့ ရွှေ့ပြောင်းခြင်း အတွင်းဝန်ရုံး အဖွဲ့သားအားလုံး